Good Times

HELLO! မင်္ဂလာပါ=WELCOME FROM*WE BURMA PEOPLE OF NEW POWER*ကျွန်ုပ်တို. ဗမာလူထု၏ ခွန်အားသစ်* မှလှိုက်လှည်းစွာကြိုဆိုပါ၏ ။*นายซอโม*

ကျွန်ုပ်တို.လိုအပ်သည့် ဒီမိုကရေစီအတွက် အပြောင်းအလည်း

Friday, December 11, 2009

*ယုံကြည်မှုဆိုတာ ဘ၀ရဲ့တွန်းအားပဲ။*



ကောင်းမြတ်သော လုပ်ဆောင်မှူအတွက် စိတ်ဓါတ်ခွန်အားများရှိဖို.လိုသည်။

* For yesterday is but a dream,
And tomorrow only a vision,
But today, will lived, makes every yesterday.
A dream of happiness,
And every tomorrow a vision of hope and joy.
Look well then to this day.*

* မနေ.ကဆိုသည်မှာ အိပ်မက်မျှသာဖြစ်၏
မနက်ဖြန်ဆိုသည်မှာ စိတ်ကူးအာရုံတမျိုးပါ
သို.သော် ယနေ.ကိုကောင်းစွာနေထိုင်လိုက်ပါလျှင်
မနေ.ကရက်တိုင်းကိုလည်း ပျော်ရွှင်ချမ်းမြေ့ခြင်း၏ အိပ်မက်ဖြစ်စေလိမ့်မည်၊
မနက်ဖြန်တိုင်းကိုလည်း မျှော်လင့်ခြင်းနှင့် ပျော်ရွှင်ခြင်းတို.၏
စိတ်ကူးရုပ်ပုံလွှာအဖြစ် ထင်မြင်လာစေလိမ့်မည်၊
ထို.ကြောင့် ဤယနေ.ကို ကောင်းစွာရှူမြင်နေထိုင်လိုက်ပါ။*



သက်ရှိ သက်မဲ့အရာအားလုံး ဘယ်အရာကိုမဆို တဏှာနဲ.ချစ်ရင် စိတ်ပူလောင်ရတယ်။ သဒ္ဓါတရား မေတ္တာစစ်နဲ.ချစ်ရင် စိတ်အေးချမ်းရမယ်။ ဒေါသနဲ. မုန်းရင်စိတ်ဆင်းရဲရတယ။် သတိ ဥာဏ်နဲ.မုန်းရင် စိတ်ချမ်းသာရတယ်။ တဏှာနဲ. မချစ်တတ်သူ ဒေါသနဲ.မမုန်းတတ်တဲ့သူ ဘဝတိုင်းဖြစ်ကြပါစေ။


အလုပ်မြတ်ဖို့အဓိက

ယောက်ျားဖြစ်ရုံသက်သက်နဲ့
မြင့်မြတ်သူတစ်ယောက်
ဖြစ်မလာနိုင်သလို
မိန်းမဖြစ်ရုံသက်သက်နဲ့လည်း
ယုတ်နိမ့်သူတစ်ယောက်
ဖြစ်မသွားနိုင်ပါဘူး ။
ယောက်ျားပဲဖြစ်ဖြစ်၊မိန်းမပဲဖြစ်ဖြစ်
မြင့်မြတ်တဲ့အလုပ်လုပ်ရင်
မြင့်မြတ်သူဖြစ်ပြီး
ယုတ်နိမ့်တဲ့အလုပ်လုပ်ရင်
ယုတ်နိမ့်သူဖြစ်ပါတယ်။




ချစ်လေပူလေ

သောကမှန်သမျှ ချစ်ခြင်းကြောင့်ဖြစ်ရတာပါ။
ချစ်စရာတစ်ခုရှိရင် သောကတစ်ခုရှိမယ်။
ချစ်စရာဆယ်ခုရှိရင် သောကဆယ်ခုရှိမယ်။
ချစ်စရာအများကြီးရှိရင်တော့
သောကအများကြီးရှိမယ်ပေါ့။
သောကငြိမ်းချင်ရင် ချစ်စရာတွေကို
လျှော့ပြစ်နိုင်ရမယ်လေ။
ချစ်ရမယ့်သူ၊ချစ်ရမဲ့အရာ နည်းပါးသွားလေ
သောကမီးလည်း ချုပ်ငြိမ်းသွားလေပါပဲ။

အရှင်ဆန္ဒာဓိက၏ စိတ်အားဖြည့်

No comments:

Post a Comment