Good Times

HELLO! မင်္ဂလာပါ=WELCOME FROM*WE BURMA PEOPLE OF NEW POWER*ကျွန်ုပ်တို. ဗမာလူထု၏ ခွန်အားသစ်* မှလှိုက်လှည်းစွာကြိုဆိုပါ၏ ။*นายซอโม*

ကျွန်ုပ်တို.လိုအပ်သည့် ဒီမိုကရေစီအတွက် အပြောင်းအလည်း

Friday, December 11, 2009

***လူထုထံမှ သင်ယူခဲ့သော နိုင်ငံရေးသမား***


***လူထုထံမှ သင်ယူခဲ့သော နိုင်ငံရေးသမား***
"လူအများအပြားကို ခဏလေး ဖုံးကွယ်ထားခြင်းဟာ ဖြစ်နိုင်ခြေ ရှိပါတယ်။လူနည်းစုကို အကြာ ကြီး ဖုံးကွယ်ထားခြင်းဟာလည်း ဖြစ်နိုင်ချေရှိပါတယ်။ ဒါပေမယ့် လူအများကို အကြာကြီး ဖုံး ကွယ်ထားလို့ မရပါဘူး။ လူထုကြီးဟာ ကောင်းကင်လိုပဲ ကျယ်ပြန့်ကြီးမား လို့ဖြစ်ပါတယ်။ ကျွန်တော်ဟာ ရာထူးရာခံ ရှိတဲ့နေရာမှာရှိပြီး ရာထူးကြီးတဲ့ သူတွေရဲ့ အကူအညီနဲ့ ရွေး ကောက်ပွဲ ကို ၀င်ရာက်ယှဉ်ပြိုင်ခဲ့တဲ့သူ တစ်ယောက်မဟုတ်ပါဘူး။ ငွေကြေးဓန အင်အားနဲ့ ရွေးကောက်ပွဲ လက်မှတ်ကို ၀ယ်ပြီး လာတဲ့ လူချမ်းသာလည်း မဟုတ်ပါဘူး။ ကျွန်တော်ဟာ နေ့စဉ်နေ့တိုင်း လူထုကြီးနဲ့ အနီးကပ်နေပြီး နိုင်ငံရေးကို သင်ယူခဲ့တာပါ။ လူထု ကြီးခံစားနေရတဲ့ ဆင်းရဲဒုက္ခ တွေ မျှော်လင့်ချက် အိပ်မက်တွေကို သိဖို့ တခါတလေ အစာ ငတ်ခံ ခဲ့ရပြီး တခါတလေ လူထုကြီးဆီက ပေါင်မုန့်လေး တစ်ဖဲ့ ကို တောင်းရမ်းစားသောက်ပြီး လူထုကြီး နဲ့ စကားတွေ ဖလှယ်ခဲ့ပါတယ်။ ကျွှန်တော် အမြဲတမ်း စဉ်းစားမိတာကတော့ နိုင်ငံရေး ဆိုတာ လူထုအတွင်းကနေ သင်ယူ ရမယ်ဆိုတာ မုချမသွေပါပဲ။ လူထုကြီးရဲ့ ဆင်းရဲဒုက္ခတွေ ၀မ်းနည်းပူဆွေးမှု၊ ၀မ်းသာမှု တွေကို သိထားတဲ့ နိုင်ငံရေးသမားဟာ လူထုကြီးကို သစ္စာမဖောက်နိုင်လို့ပဲ ဖြစ်ပါတယ်။"




အထက်ပါ စကားသည် ၁၈၃၂ခုနှစ်က အမေရိကန်နိုင်ငံ အလယ်ပိုင်းမြို့ တစ်မြို့ဖြစ်သော စပရင်းဖီး(လ်ဒ်) (Springfield) တွင် ပြည်နယ်အမတ်လောင်း တစ်ဦးဖြစ်သော လင်ကွန်းမှ မဲဆန္ဒရှင်များ ရှေ့တွင် ပြောကြားခဲ့သော ရွေးကောက်ပွဲ စည်း ရုံးရေး မိန့်ခွန်း၏ တစ်စိတ် တစ်ပိုင်း ဖြစ်သည်။ စပရင်းဖီး(လ်ဒ်) (Springfield)မြို့တွင် "ဆင်းရဲသားအညတရ လင်ကွန်း" ဟု လူသိများခဲ့သူ လင်ကွန်းသည် နိုင်ငံရေး အတွေ့အကြုံ နှင့် ငွေကြေးဓန အင်အား ပြည့်စုံသော တခြား အမတ်လောင်းများကြားတွင် ပေါ်လွင်မှု မရှိသော သူတစ်ဦး ဖြစ်ပေသည်။ တခြား အမတ်လောင်းများမှ မဲဆွယ် စည်းရုံရေး မိန့်ခွန်းများကို ပြေပြစ်စွာ ပြောကြားခဲ့သော်လည်း လင်ကွန်း မှာမူ မိန့်ခွန်းပြောရာတွင် အထစ်အထစ် အငေါ့ငေါ့ဖြင့် ပြေပြစ်စွာ ပြောဆိုနိုင်ခဲ့ခြင်း မရှိသော အမတ်လောင်း ဖြစ်ခဲ့ပေသည်။



သို့သော် စပရင်းဖီး(လ်ဒ်) (Springfield) မြို့မှ ပြည်သူလူထု ကြီးသည် အမတ်လောင်းများ အနက်မှ လင်ကွန်းအား ရွေးချယ် ခဲ့ကြလေသည်။

"ဘာဖြစ်လို့ လင်ကွန်းကို ရွေးချယ်ကြတာလဲ"ဟု မေးမြန်းခဲ့သည့် သတင်းထောက် များ၏ မေး ခွန်း အား လူထုကြီးမှ အောက်ပါအတိုင်း ဖြေကြားခဲ့ကြလေသည်။

"လင်ကွန်းဟာ ကျွန်ုပ်တို့နဲ့ တစ်သားတည်းဖြစ်နေတဲ့ လူတစ်ဦး ဖြစ်လို့ပဲ"




လူထုနှင့် တစ်သားတည်း ဖြစ်နေသောသူ၊ ထိုအချက်သည် လင်ကွန်း၏ နိုင်ငံရေး လက်နက် တစ်ခု ဖြစ်ပေသည်။ လင်ကွန်းသည် ထိုလက်နက်ဖြင့် လူထုကြီး၏ ၀မ်းနည်း ပူဆွေးမှု၊ ၀မ်းသာမှုများအား သိရှိခဲ့ရပြီး၊ လူထုထံမှ၊ လူထုအတွက်၊ လူထုနိုင်ငံရေးအား ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။



++အလင်းစေတမန်=

No comments:

Post a Comment